- Apr 02, 2017
Onion ကြက်သွန်နီ အရောင်းအဝယ် အေးနေ
ကြက်သွန်နီတစ်ပိဿာ ဈေးနှုန်းသည် စက်တင်ဘာ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ပေါက်ဈေးထက် တစ် ပိဿာလျှင် ပျမ်းမျှ ၂၅ ကျပ်ဈေးတက်လာသော်လည်း အရောင်းအဝယ်အေးကြောင်း ဘုရင့်နောင်ဈေးရှိ ကြက်သွန်နီပွဲရုံများမှ သတင်းရရှိသည်။
‘‘မနေ့က ၁၅ ကျပ် တက် တယ်။ ဒီနေ့ ၂၅ ကျပ်တက်တယ်။ ဒါပေမဲ့ ဈေးက သိပ်အများကြီး မတက်နိုင်ဘူး။ နယ်မှာ အများ ကြီးကျန်သေးတယ်’’ဟု စိန်ဘရား သားကြက်သွန်နီပွဲရုံမှ ကိုအောင် အောင်က ပြောကြားသည်။
ကြက်သွန်နီ အရောင်းအဝယ်သည် ၂၀၁၅ နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ကြက်သွန်နီ ကုန်သည်များက သုံးသပ်သည်။
‘‘တစ်ရက်ကို အိတ် ၅၀၀၊ ၆၀၀ ဆိုရင် ၂၀၀၊ ၃၀၀ လောက် ပဲ၊ အခုက ရောင်းရတယ်။ ပြီး တော့ အရင်နှစ်က ဒီအချိန်မှာ ဈေးတက်တယ်’’ ဟု ကိုအောင် အောင်က ပြောသည်။
ဘုရင့်နောင်ဈေးတွင် ကြက် သွန်နီတစ်ပိဿာလျှင် အရည်အ သွေးအပေါ် မူတည်၍ အနည်း ဆုံး ၂၁၅ ကျပ်မှ အများဆုံး ကျပ် ၆၄၀ အထိ ပေါက်ဈေးရှိသည်။
လက်ရှိတွင် ကြက်သွန်နီ လက်ကျန်များနေပြီး အရောင်းအ ဝယ်အေးနေသကဲ့သို့ လာမည့် ဇန်နဝါရီ၌ ဈေးကွက်သို့ရောက် မည့် ကြက်သွန်နီအသစ် ပေါ် ချိန်၌လည်း ဈေးနှုန်းမြင့်တက်နိုင် ဖွယ်မရှိကြောင်း ကြက်သွန်နီကုန် သည်များက သုံးသပ်သည်။
‘‘တစ်လပိုင်းနဲ့ နှစ်လပိုင်းဆို ရင် ကြက်သွန်က အသစ်ထွက် တော့မယ်။ အဟောင်းလည်း ဈေးမရှိဘူး။ အသစ်ဘက်ကိုလည်း မကူးနိုင်ဘူးဖြစ်နေတယ်။ ဈေးက တော့ တက်ဖို့မမြင်ဘူး’’ဟု ကြက်သွန်နီကုန်သည် တစ်ဦးက ပြော ကြားသည်။
လက်ရှိတွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နယ်ပေါင်းစုံမှ တစ်နေ့လျှင် ကြက်သွန်နီကား အစီး ၄၀ အထိ အဝင်ရှိပြီး ပြည်တွင်း ကြက်သွန််နီဈေးမြင့်တက်စဉ်က တစ်ရက်လျှင် ၁၀ စီးမှ ၁၅ စီးအ ထိသာ အဝင်ရှိကြောင်း ကြက် သွန်နီပွဲရုံ ပိုင်ရှင်များက ပြောကြားသည်။၂၀၁၅ ကာလတူတွင် ပြည် တွင်းကြက်သွန်ဈေးကွက်၌ တစ် ပိဿာလျှင် ကျပ် ၁,၀၀၀ အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိအရောင်း အဝယ်ဖြစ်သည့် ဈေးနှင့်နှိုင်းယှဉ် ပါက ကျပ် ၄၀၀ ခန့် ဈေးနည်းနေ သည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအနှံ့ ရေကြီးခဲ့၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ခန့်အထိ စံချိန်တင်ဈေး မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကြက် သွန်နီတန်ချိန် ၆,၀၀၀ ကျော်တင်ပို့နိုင်ပြီး တစ်တန်လျှင် ကန်ဒေါ် လာ ၁၅၀ မှ ၂၀၀ ခန့်အထိ စျေးရရှိသည်ဟုဆိုသည်။
credit: 7 Day Daily
www.baganmart.com