- Apr 02, 2017
PESTEL Business Analysis:
PESTEL ဆိုတဲ့ အချက် (၆-ချက်) အပေါ်မှာအခြေခံပြီး နိုင်ငံတစ်ခုရဲ့ စီးပွားရေးရပ်တည်မှုဟာ လည်ပတ်နေတာမို့ လူငယ်စွန့်ဦးတီထွင်သူတွေနှင့် SMEs လုပ်ငန်းရှင်မိတ်ဆွေများအတွက် PESTEL စီးပွားရေးဆန်းစစ်ချက် တွေကို (Now – N ယခုအခြေအနေ) နှင့် (Future – F နောင်အလားအလာ) အခြေအနေတွေရဲ့ သုံးသပ်တင်ပြမှုတွေကို Innovative Management for AEC - 2015 အတွက် အားသာချက်ဖြစ်စေနိုင်ဖို့မျှဝေရေးသားဖော်ပြလိုက်ပါတယ်။
1) P – Political (နိုင်ငံရေးရာ) နဲ့ပတ်သတ်ပြီး Political Process (အစိုးရလုပ်ဆောင်မည့် အစီအစဉ်), Political Risk (နိုင်ငံရေး အခြေအနေ၊) စတဲ့ အချက်တွေကို ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ (ဥပမာ - နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများ၊ MDG စီမံကိန်းများ၊ ငြုပ်ကောင်း ရေနပ်ဆိပ်ကမ်း၊ သီလဝါ စီးပွားရေးဇုံ စီမံကိန်းများ စသည်ဖြင့်...)
2) E – Economical (စီးပွားရေးရာ) နဲ့ပတ်သတ်ပြီး Eco-Opportunity (စီးပွားရေး အခွင့်အလမ်း), Economic Lunching (ဦးတည်လုပ်ဆောင်မှု) စတဲ့အချက်တွေကို ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ (ဥပမာ - 2016 မှာ Japan မှ Stock Exchange စျေးကွက်၊ FDI/ AEC +3 Market Orientation နှင့် 4th Wave ပုဂ္ဂလိကစီးပွားရေးလွဲပြောင်းယူလာမှုများ စသည်ဖြင့်…)
3) S – Social (လူမှုရေးရာ) နဲ့ပတ်သတ်ပြီး Demand (၀ယ်လိုအား)၊ HR Capital (လူ့စွမ်းအားအရင်းအနှီး) စတဲ့ အချက်တွေကို ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ (ဥပမာ - မြန်မာပြည်တွင်း လစာတိုးမြင့်မှု Market ၀ယ်လိုအားများ၊ AEC – 5 Free Flows စီးဆင်းလာမှုများ၊ လူနေမှုတိုးတက်လာမှုနှင့် မြို့ပြစနစ်ထူထောင်လာမှု စသည်ဖြင့်…)
4) T – Technological (နည်းပညာရေးရာ) နဲ့ပတ်သတ်ပြီး Raw (ကုန်ကြမ်း), Standard (အဆင့်အတန်း), Supply (ထောက်ပံ့မှု) စတဲ့အချက်တွေကို ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ (ဥပမာ - Agriculture% မှ Industry% ပြောင်းလဲလိုအပ်မှု၊ Global Supply Chain ဖြစ်လာနိုင်မှု၊ စျေးကွက်ယှဉ်ပြိုင်လာမှု ISO လုပ်ဆောင်ချက်လိုအပ်မှုများ စသည်ဖြင့်…)
5) E – Environmental (ပတ်ဝန်းကျင်ရေးရာ) နဲ့ပတ်သတ်ပြီး Capitial (အရင်းအနှီး), Geography (ပထဝီ), Transportation (သယ်ပို့မှု) စတဲ့အချက်တွေကို ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ (ဥပမာ - မြို့ပြစနစ်လိုအပ်ချက် အိမ်ခြံမြေ၊ Industry Zone လုပ်ဆောင်မည့် စီမံကိန်းများ၊ Regional Planning ဒေသလိုအပ်ချက်ဖော်ဆောင်မှု စသည်ဖြင့်…)
6) L – Legal (ဥပဒေရေးရာ) နဲ့ပတ်သတ်ပြီး Law (ဥပဒေ), Tax (အခွန်), စတဲ့အချက်တွေကို ဆန်းစစ်သုံးသပ်ဖို့လိုပါတယ်။ (ဥပမာ - ကုပ္မဏီထူထောင်မှု ယခင် လုပ်ငန်း (၁-မျိုး) ယခု လုပ်ငန်း (၈-မျိုး)၊ SEZ and FDI Law ပြောင်းလဲမှုများ၊ ကုန်သွယ်ရေး အကောက်ခွန် (%) ပြောင်းလဲချက်များ၊ IP Law, Competition Law စသည်ဖြင့်…)
စီးပွားရေးတစ်ခု၏ ရပ်တည်နေမှုမှာ PESTEL ဟာ (ကျွန်းကိုင်းမှီ - ကိုင်းကျွန်းမှီ) ဆိုသလို တခုနဲ့တခု ဆက်သွယ်လျှက်နေပါတယ်၊ PESTEL သုံးသပ်မှုတွေမှတဆင့် စီးပွားရေး အကြံအညာဏ် (Business Idea) - ကိုယ်ဖန်တီးနိုင်မည့် ဦးစားပေးလုပ်ငန်းများကို (Investment Criteria) တွေပြုလုပ်နိုင်လာပြီး Entrepreneurs Generation များနှင့်၊ SMEs Promotion သို့ အထောက်အကူဖြစ်စေဖို့ရာ စီးပွားရေးဆိုင်ရာအကြံပြုရေးသားလျှက် . . .
Make Local - Trade Global
-----------------------------
(B2B International Trading Platform)